WriteCpd
{"books":[{"bname":" CPD ရေးရမည့်ပုံစံရေးနည်းဆရာ/ဆရာမတိုင်း သိထားရမည့်အရာCPD","thumbnail":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0hj0YzlPpfiyYuSVBmaKx4zaEJvTc6-m7_98RLCOHLFt-pwDJJYmCSP9emJkd59dp1FKUloZFVJnUmfYo9awTIS-5bJyDtIukcNT6RQ-au1eVD6bXSgTRkfzte-kRDgeva2jW3kLGSw0afZJ6Zdb76RlM-ycporr39-BI1PzN5q3QY0kdkpV0BcChq48/s2340/1000360520.jpg","wname":"CPD ရေးရမည့်ပုံစံ
ရေးနည်းဆရာ/ဆရာမတိုင်း သိထားရမည့်အရာCPD
...................................................
crd /သွန်းသွန်း
၂၀၁၉ခုနှစ်မှစ၍အထက်တန်းနှင့်အလယ်တန်းအဆင့်သင်
ကျောင်းများမှကျောင်းအုပ်ကြီးများသည်စဉ်ဆက်မပြတ်ဆရာ့
အတတ်ပညာဖွံ့ဖြိုးတိုးတက်ရေးCPD(Continuous ProfessionalDevelopment)ကိုအကောင်
အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်စတင်ပြုလုပ်ရမည့်
အတန်းမှာသင်ရိုးသစ်ဖြစ်သည့်ဆဌမတန်းဟုဆိုသော်လည်းနောက်နှစ်သင်ရိုးသစ်ပြောင်းမည့်အတန်းများ
CPDပြုလုပ်ပုံပြုလုပ်နည်းသိရှိသွားစေရန်၊မူပြများလည်းနောင်တချိန်တွင်အလယ်တန်းပြများဖြစ်လာမည့်
အတွက်CPDအကြောင်းမျက်ခြေမပြတ်စေရန်၊CPDအချိန်တွင်ဆွေးနွေးသောသင်နည်းများကိုစနစ်ဟောင်း
အတန်းများမှလည်းမိမိတို့၏သက်ဆိုင်ရာဘာသာရပ်များတွင်အသုံးပြုနိုင်စေရေးအတွက်ထက်/လယ်/မူဆရာ/မ
အားလုံးပါဝင်ဆွေးနွေးသင့်တယ်လို့ယူဆပါတယ်။
"CPD၏အဓိပ္ပါယ်"
-ထက်မြက်သည့်ဆရာမများသည်သင်ကြားသင်ယူမှုဆိုင်ရာအကြောင်အရာအသစ်များကိုစဉ်ဆက်မပြတ်လေ့လာကြသည်။တနည်းအားဖြင့်ထူးချွန်ထက်မြက်သောဆရာ
တစ်ယောက်ဖြစ်လာစေရန်အထောက်အကူပေးသောသင်ယူလေ့လာမှုတိုင်းကိုCPDဟုခေါ်သည်။ဥပမာ-ဆရာ
တစ်ယောက်ဟာသွားရင်းလာရင်းနဲ့ပတ်ဝန်းကျင်ကိုစူးစမ်းလေ့လာတယ်ဗဟုသုတရှာတယ်သိလာတာကိုစာသင်ခန်းထဲမှာသင်ကြားရင်းအသုံးချတယ်(သို့)ကျောင်းစာမဟုတ်ပဲအပြင်စာတွေဖတ်တယ်မှတ်သားတယ်စာသင်ခန်းမှာလက်တွေ့အသုံးချသင်ကြားပေးတယ်ဆိုရင်ဒါသည်လည်းဆရာတစ်ယောက်ကသူ့ကိုယ်သူCPD
လုပ်နေတာပါပဲ။ဒါကတော့တစ်ဦးချင်းCPDလုပ်နည်းလေးပေါ့။
ကျောင်းမှာတော့CPDကိုအဖွဲ့လိုက်စုပေါင်းဆောင်ရွက်ရပါမယ်။
"CPDဆောင်ရွက်မှုအစီအစဉ်"ဆိုတာ
-သက်ဆိုင်ရာဘာသာရပ်ခေါင်းဆောင်(သို့)အတန်းခေါင်းဆောင်ဆရာ/မများ၏ဦးဆောင်မှုဖြင့်ထက်/လယ်ဆရာ/မ
များတစ်လတစ်ကြိမ်တွေ့ရမည်(မူပြများပါထဲ့နိုင်ရင်ပိုကောင်း)
-CPDအချိန်တွင်မော်ဂျူးတစ်ခုကိုဖတ်ခြင်း၊ဆွေးနွေးခြင်း၊သင်ကြားရေးအတွက်အစီအစဉ်ရေးဆွဲခြင်းနှင့်
သုံးသပ်ခြင်းတို့ပါဝင်မည်။
-တစ်ချိန်လျှင်မိနစ်(၉၀)ဆောင်ရွက်ရမည်။
-ကျောင်းအုပ်ကြီးသည် သက်ဆိုင်ရာဘာသာရပ်ခေါင်းဆောင်များကို CPDတွင်ဦးဆောင်နိုင်အောင်လေ့ကျင့်ပေးခြင်း၊ပါဝင်သည့်ဆရာ/မများအားကြီးကြပ်အကဲဖြတ်ခြင်း၊တက်ရောက်
မှုနှင့်တက်ကြွမှုရှိမရှိတို့ကိုစောင့်ကြည့်လေ့လာရမည်တစ်လတစ်ကြိမ်ဆွေးနွေးနိုင်ရေးCPDအချိန်ဇယားရေးဆွဲပေးရမည်။
-CPDအစီအစဉ်တွင်ကျောင်းရှိဆရာ/မအားလုံးပါဝင်ရမည်။
"အချိန်သတ်မှတ်ခြင်း"
-ဘာသာရပ်အဖွဲ့အစည်းအဝေးချိန်တွင်လည်းCPD ကိုဆောင်ရွက်နိုင်သည်ဟုဆိုသည့်အတွက်ယခင်
ဘာသာရပ်မြှင့်တင်ဆွေးနွေးမှု(Board of study) အချိန်တွင်အစားသွင်းဆောင်ရွက်မည်CPDနှင့်Board
of study ၏လုပ်ငန်းသဘောမှာ အတူတူပင်ဖြစ်ပြီး ကွာခြားချက်မှာBoard of study တွင်ဆောင်ရွက်
မည့်လုပ်ငန်းကိုချပြမထားပါယခုCPDတွင်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကိုမော်ဂျူးတိုင်းအချိန်နှင့်တကွတိတိကျကျသတ်မှတ်ပေးထားသည်
-ဆောင်ရွက်ရမည့်ကြာချိန်မိနစ်(၉၀) ကျောင်းချိန်အတွင်း၌သာ ဖြစ်ရမည်
ကျောင်းချိန်ပြင်ပဖြစ်ပါကဆရာ/မများအားလုံးပါဝင်ရန်ခက်ခဲမည်။
(ကျောင်းချိန်ပြင်ပမလုပ်ရဟုမပါပါ)
-ကျောင်းအုပ်ကြီးသည်CPDချိန်တွင် ၄င်းနှင့်အတူတွဲဖက်ထမ်းဆောင်ရန်အားကိုးရမည့်ဘာသာပြ ခေါင်းဆောင်တစ်ဦးအာရွေးချယ်ထားရမည်ထိုသူသည်CPD အချိန်ဇယားရေးဆွဲခြင်း၊ကျောင်းအုပ်မအားလပ်ပါကCPD
လုပ်ဆောင်မှုကိုအကဲဖြတ်စောင့်ကြည့်ခြင်း၊လိုအပ်သည်များပံ့ပိုးကူညီခြင်းတို့ဆောင်ရွက်ရမည်။
-အချိန်ဇယားကိုမိမိကျောင်းအစီအစဉ်
ဖြင့်သင့်လျော်သည့်အချိန်ရေးဆွဲရန်
-CPDကိုအခြားကျောင်းများနှင့်ပူးပေါင်း ဆောင်ရွက်နိုင်လျှင်ပိုမိုကောင်းမွန်ပါသည်။ ဥပမာ-မိမိကျောင်းအုပ်စုတွင်းမှသင်္ချာဆရာ/မများအတူတွေ့ဆုံခြင်းသည် ကောင်းမွန်သောသင်ယူလေ့လာမှုများမျှဝေခြင်းဖြစ်လို့ သင်ကြားရေးတိုးတက်စေနိုင်ပါတယ်သို့သော်
အချိန်ပိုမိုလိုအပ်ပါမည်။
"နေရာသတ်မှတ်ခြင်း"
-ဆရာအင်အားများသောအထက်တန်း ကျောင်းများတွင် ဘာသာရပ်အလိုက်ခေါင်းဆောင်များထား၍ တစ်ဘာသာချင်း သက်ဆိုင်ရာဘာသာရပ်အလိုက်ဘာသာရပ်ခေါင်းဆောင်များမှ
ဦးဆောင်၍တစ်ပြိုင်တည်းကျင်းပရမည်။ကျောင်းအုပ်ကြီးသည်အဖွဲ့တိုင်း၏ဆောင်ရွက်မှုကိုစောင့်ကြည့်
လေ့လာကြပ်မတ်ရမည်။ဆောင်ရွက်မည့်နေရာအခက်ခဲရှိပါက (၂)ဘာသာစီတွဲပေးနိုင်သည်။ဥပမာ-လူမှုရေးဘာသာတွဲ၊သိပ္ပံတွဲ
(ဆရာအင်အားနည်းသောကျောင်းများတွင်ဘာသာစုံ ပါဝင်သောအုပ်စုတစ်စုဖွဲ့၍ဆောင်ရွက်နိုင်သလို
ကျောင်းအုပ်စုအတွင်းဘာသာပြများစုပေါင်း၍တွေ့ဆုံဆွေးနွေးနိုင်သည်)
CPDကိုဘယ်လိုဆောင်ရွက်မလဲ????
-CPDဆောင်ရွက်ရမည့်မော်ဂျူး(၁)မှ မော်ဂျူး(၈)ထိရှိပြီး ဇွန်လမှစ၍တစ်လမော်ဂျူးတစ်ခုမော်ဂျူးအစဉ်လိုက်ဆောင်ရွက်ရပါမည်။ဇွန်လတွင်ဆောင်ရွက်ရခြင်းမှာမော်ဂျူး(၁)သည်G-6သင်ရိုးသစ်
ပြဌာန်းစာအုပ်နှင့်ဆရာလမ်းညွှန်စာအုပ်သစ်များ၏ဖွဲ့စည်းပုံနှင့်
စနစ်ဟောင်းစနစ်သစ်ကွဲလွှဲမှု၊အားသာချက်၊အားနည်းချက်တွေကို
လေ့လာဆွေးနွေးကြရမှာဖြစ်ပါတယ်ပြီးမှဇူလိုင်လတွင်မိမိတို့
သင်ကြားမည့်သင်ခန်းစာခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီးသင်ခန်းစာ
အစီအစဉ်ရေးဆွဲရမှာဖြစ်ပါတယ်။ဒါမှသာနောက်ဆုံးပြုလုပ်မယ့်
မော်ဂျူး(၈)CPDသည်ဇန္နဝါရီတွင်ပြုလုပ်ပြီးဖေဖော်ဝါရီတွင်
သင်ကြားရမည့်သင်ခန်းစာခေါင်းစဉ်တစ်ခုကိုပြင်ဆင်လို့ရ
မှာဖြစ်ပါတယ်။ဇွန်လနောက်ဆုံးပတ်လောက်တွင်ပြုလုပ်ပါက
သင့်တော်ပါမည်။
(ဇူလိုင်လမှမော်ဂျူး(၁)လုပ်မည်ဆိုပါကနောက်ဆုံးဖေဖော်ဝါရီတွင်
ပြုလုပ်မည့်မော်ဂျူး(၈)CPDတွင်ရေးဆွဲခဲ့သောသင်ခန်းစာ
အစီအစဉ်ကိုမတ်လမှသွားသင်ရမည်ဖြစ်၍အဆင်မပြေနိုင်ပါ)
-CPDကိုဆောင်ရွက်ပုံအပိုင်း(၄)ပိုင်းဖြင့်ပြုလုပ်ရပါမယ်
ပထမဦးစွာဘာသာရပ်ခေါင်းဆောင်မှဤဆွေးနွေးချိန်မိနစ်(၉၀)ပြီးသွားပါကရရှိသွားမည့်ရလဒ်များကိုအဖွဲ့ဝင်များ
သိအောင်ပြောပြရမည်။
အပိုင်း(၁)အစပျိုးခြင်း
-အစပျိုးခြင်းတွင်ပေးထားသောမော်ဂျူးခေါင်းစဉ်နှင့်နိဒါန်းကိုဖတ်ပါ
ဖတ်ပြီးပါကဆွေးနွေးပါဟူသည့်ခေါင်းစဉ်အောက်တွင်ပါသောမေးခွန်းများကိုဘာသာရပ်ခေါင်းဆောင်မှမေး၍ပါဝင်သူဆရာ/မများ နှင့်အပြန်အလှန်ဆွေးနွေးကြမည်။
အပိုင်း(၂)ချိတ်ဆက်သင်ကြားခြင်း
-ချိတ်ဆက်သင်ကြားခြင်းခေါင်းစဉ်အောက်ရှိနိဒါန်းကိုဖတ်စေမည်
ဖတ်ပြီးလျှင်ဆွေးနွေးပါခေါင်းစဉ်အောက်ရှိမေးခွန်းများကို ဘာသာရပ်ခေါင်းဆောင်မှမေး၍အပြန်အလှန်ဆွေးနွေးကြမည်
ပေးထားသောဖတ်ပါ/ဆွေးနွေးပါအဆင့်တိုင်းကိုဘာသာရပ်ခေါင်း
ဆောင်မှဦးဆောင်ရမည်။
အပိုင်း(၃)စီစဉ်သင်ကြားခြင်း
-စီစဉ်သင်ကြားခြင်းတွင်နောက်လသင်မည့်သင်ခန်းစာများထဲမှ
ခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီးပေးထားသောမော်ဂျူးခေါင်းစဉ်နှင့်
သင်ကြားနည်းများထဲမှမိမိသင်ကြားမည့်သင်ခန်းစာ
အကြောင်းအရာနှင့်ကိုက်ညီမည့်သင်နည်းများ(သို့)လုပ်ငန်းပေး
သင်နည်းများကိုရွေးချယ်၍ထိထိရောက်ရောက်သင်ကြားနိုင်ရန်
မည်သည့်မေးခွန်းအမျိုးအစားများမေးမည်၊မည်သို့group work၊pair workလုပ်ငန်းပေးလုပ်ဆောင်
ခိုင်းမည်ဆိုသည့်5Csထဲမှတစ်ခုခုကိုရသွားစေမည့်မေးခွန်းများပြုစုခြင်း၊မည်ကဲ့သို့ရှင်းလင်းသင်ကြားမည် မည်သည့်သင်ထောက်ကူပစ္စည်းသုံးမည် စသဖြင့်ဘာသာပြဆရာ၏ကိုယ်ပိုင်ဗလာစာအုပ်တွင်စီစဉ်ရေးဆွဲ
ရမည်(ဘာသာပြဆရာစီစဉ်ရေးဆွဲရမည့်ဇယားပုံဖြင့်ပြထားသည်)
သင်ကြားနည်းနှင့်မေးခွန်းထုတ်ရာတွင်အဓိပ္ပါယ်ရှင်းလင်းမှုမရှိပါကဘာသာရပ်ခေါင်းဆောင်နှင့်အဖွဲ့ဝင်ဘာသာပြဆရာ/မများ အားတိုင်ပင်ဆွေးနွေးခြင်းအားဖြင့်ကိုယ့်အခက်အခဲကိုဖြေရှင်းနိုင်
ပြီးနည်းလမ်းသစ်များလည်းရသွားမည်။သင်ခန်းစာအစီအစဉ်ရေးဆွဲပြီးပါကဘာသာရပ်ခေါင်းဆောင်မှ
အဖွဲ့ဝင်များအားအောက်ပါအတိုင်းအသိပေးပြောကြားရမည်။
"ယခုပြင်ဆင်ထားသောသင်ခန်းစာသည်နောက်လတွင်သင်မည့်သင်ခန်းစာဖြစ်သဖြင့်နောက်လတွင်သင်ပြီးပါက
မိမိကိုယ်ကိုဆန်းစစ်ထားသောသင်ကြားခြင်းနှင့်ပတ်သက်သည့်
ဆန်းစစ်ချက်များကိုသင်ခန်းစာအစီအစဉ်ရေးဆွဲထားသည့်ဇယား
အောက်၌ရေးသားထားရမည်။သင်ကြားပြီးလျှင်မိမိကိုယ်ကိုယ်
ဆန်းစစ်ရမည့်မေးခွန်းများမှာ-
-ကျောင်းသား/သူများသည်ဘာတွေကိုသင်ယူခဲ့သနည်း။ 5CsထဲမှCဘယ်နှစ်လုံးပေးခဲ့နိုင်သနည်း ။ ထိုသို့သင်ယူ
ရရှိခဲ့သည်ကိုသင်မည်သို့သိသနည်း။
-သင်သည်ကြိုတင်ပြင်ဆင်ထားသော သင်ကြားမှုအစီအစဉ်အတိုင်း သင်ကြားနိုင်ခဲ့ပါသလား။ ပြောင်းလဲသင်ကြားခဲ့သည်ရှိသော်မည်သည်ကြောင့်
မပြောင်းလဲခဲ့လျှင်လည်းမည်သည်ကြောင့်ဆိုသည်ကို
ရှင်းပြပါ။
-ဤသင်ခန်းစာကိုပြန်လည်သင်ကြားရမည်ဆိုလျှင် မည်သို့သောအပြောင်းအလဲများပြုလုပ်လိုပါသလဲ။စသည့်
မေးခွန်းများဖြင့်မိမိကိုယ်ကိုဆန်းစစ်ပြီးရလဒ်များကို မှတ်တမ်းပြုစုရေးသားထားပြီးနောက်လCPDစချိန်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်ဆွေးနွေးခြင်းဖြင့်နောက်လပြင်မည့်
သင်ခန်းစာအတွက်များစွာအကျိုးပြုနိုင်ပါမည်။"ဖြစ်ကြောင်း အသိပေးပြောကြားရမည်။
ဆရာ/မများသည်ယခင်လိုစာသင်ပြီးပြီးရောမဟုတ်ပါမိမိ
သင်ကြားခဲ့ပုံကိုအထက်ဖော်ပြခဲ့သောမေးခွန်းများဖြင့်ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ရမည်။နောက်လCPDအစတွင်ပြန်ဆွေးနွေးရမည်။
အပိုင်း(၄)ပြန်လှန်သုံးသပ်စဉ်းစား
ဆင်ခြင်ခြင်း
ဤအပိုင်းသည်အဖွဲ့လိုက်ဆွေးနွေးရမည်ဖြစ်သည်။ယခုလအတွက်CPDအစီအစဉ်မှစိတ်ဝင်စားဖွယ်အကောင်း
ဆုံးအကြောင်းအရာ၊အသုံးဝင်ဆုံးအကြောင်းအရာကိုဆွေးနွေးခြင်း
ထပ်မံသိလိုသည်များကိုဆွေးနွေးခြင်းဖြင့်ဆောင်ရွက်ခဲ့သော CPDအစီအစဉ်များကိုပြန်လှန်သုံးသပ်မည်
ထို့နောက်ယခုလအတွက်သင်နည်းအသစ်(၃)မျိုးသင်ကြားရာတွင်
အသုံးပြုနိုင်စေရန်ပေးပါမည်။
မော်ဂျူးတစ်ခုဆွေးနွေးပြီးတိုင်းသင်နည်းအသစ်(၃)မျိုးပေးပြီး
ဘာသာရပ်ခေါင်းဆောင်မှအဖွဲ့ဝင်များအားကျေးဇူးတင်စကားပြော၍ဆွေးနွေးပွဲကိုအဆုံးသတ်ပါမည်။
CPDအစီအစဉ်ကိုအစအဆုံးဦးဆောင်သူမှာဘာသာရပ် ခေါင်းဆောင်ဖြစ်ပြီးကြီးကြပ်သူမှာကျောင်းအုပ်ကြီးဖြစ်သည်။
ဘာသာပြခေါင်းဆောင်များသေချာစွာ
လုပ်ဆောင်ရမည့်အချက်များ........
-CPDကိုအချိန်မှန်စတင်ပြီးအချိန်မှန်ပြီးစီးရမည်။
-ရှင်းရှင်းလင်းလင်းညွှန်ကြားပေးပြီးပါဝင်သည့်ဆရာ/မများ နားလည်မှုရှိမရှိစစ်ဆေးရမည်။
-လူတိုင်းပြောဆိုဆွေးနွေးခွင့်ပေးရမည် အထူးသဖြင့်နှုတ်ဆိတ်ငြိမ်သက်နေသူများပါဝင်ပါစေ။
-အဖွဲ့လိုက်လုပ်ဆောင်ခြင်းနှင့်ဆွေးနွေး
ခြင်းများအတွက်အချိန်လုံလောက်အောင်စီစဉ်ရမည်။
-မေးခွန်းပုံစံမျိုးစုံကိုအသုံးပြုရမည်။
-တစ်ဦးတစ်ယောက်စီ၏ကိုယ်ပိုင် လေ့လာမှု နည်းလမ်းများအားအသိအမှတ်ပြုပါ။
-လုပ်ငန်းစဉ်တစ်ခုပြီးတိုင်းတစ်ဖွဲ့လုံး၏ ဆွေးနွေးချက်များကိုစုစည်းတင်ပြပါ။
-ပါဝင်ပေးကြသောဆရာ/မအားလုံးကို
တက်ကြွစွာပါဝင်ပေးသည့်အတွက်ကျေးဇူးတင်ကြောင်းပြောရမည်စသည့်အချက်များကိုလုပ်ဆောင်ရမည်။
ကျောင်းအုပ်ကြီးမှ ဘာသာရပ်ခေါင်းဆောင်များကို ကူညီပေးရမည်ကျောင်းအုပ်ကြီး၏အားပေးကူညီမှုသည်
အလွန်အရေးကြီးပါသည်။
ကျောင်းအုပ်ကြီးလေ့လာစောင့်ကြည့်
ရမည့်အချက်များ.........
-CPDကိုအချိန်မှန်စနိုင်ခဲ့သလား
-ဆရာ/မများ CPDချိန်တွင် ဆွေးနွေးနိုင်ဖို့သင်ခန်းစာကြိုတင်ဖတ်ခဲ့ရဲ့လား
-အဖွဲ့လိုက်လုပ်ဆောင်မှုများတွင်ပါဝင်ပြုလုပ်ခဲ့ကြသလား
-မေးခွန်းများမေးပြီးအပြန်အလှန်ပြောဆိုခဲ့ကြပါသလား
-သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းကိုအတူလုပ်ဆောင်ခဲ့ပါသလား
-သင်ကြားသင်ယူနည်းအသစ်များထည့်သွင်းအသုံးပြုခဲ့ပါသလား
ယခင်လCPDအချိန်တွင်ပြင်ဆင်ခဲ့သောသင်ခန်းစာကိုသင်ကြားခဲ့ပါပြီလား
-CPD အစီအစဉ်ကိုပိုမိုကောင်းမွန်ရေး အကြံပြုလိုပါသလားစသည့်အချက်များဖြင့်စောင့်ကြည့်ပြီး
ကျောင်းအုပ်ကြီး၏မှတ်ချက်နှင့်အကြံပြုချက်ပါသောCPD မှတ်တမ်းထားရှိရမည်။(ထားရမည့်ဇယားကိုပုံနှင့်ပြထားသည်)
ပါဝင်ဆွေးနွေးသောဘာသာပြများ
လုပ်ဆောင်ရမည့်အချက်.......
-ရှေ့လတွင်မိမိသင်မည့်သင်ခန်းစာ အကြောင်းအရာများကို ကြိုတင်ဖတ်ခဲ့ရမည်သို့မှသာသင်ခန်းစာနှင့်ကိုက်ညီသော သင်နည်းရွေးချယ်တတ်မည်မိမိမရှင်းလင်းသည့်အကြောင်းအရာ
များကိုဘာသာရပ်ခေါင်းဆောင်အားမေးမြန်းနိုင်မည်။သင်ခန်းစာကြိုတင်မဖတ်ခဲ့ပါကဝင်ရောက်ဆွေးနွေးနိုင်
မည်မဟုတ်သလိုမရှင်းလင်းသည်များကိုလည်းမေးတတ်မည် မဟုတ်ပါ။
ဘာသာရပ်ခေါင်းဆောင်သည်အဖွဲ့ဝင်ဘာသာပြဆရာ/မများ မေးသည့်သင်ခန်းစာအကြောင်းအရာများကိုမဖြေကြားနိုင်သေးပါက နောက်တစ်ပတ်မော်ဂျူးတွင်ဖြေကြားပေး
မည့်အကြောင်းပြောပြရမည်။ဘာသာရပ်ခေါင်းဆောင်သည်လည်း
အလုံစုံသိမြင်နိုင်မည်မဟုတ်သည်ကိုအဖွဲ့ဝင်များကနားလည်ပေးရမည်။
ဘာသာရပ်ခေါင်းဆောင်သည်ဖြေကြားပေးနိုင်ရေးအတွက်လေ့လာသင်ယူနေရမည်ဖြစ်ပြီးဘာသာရပ်ခေါင်းဆောင်ကဲ့သို့ဘာသာပြဆရာ/မများကလည်းအမြဲလေ့လာသင်ယူနေကြရမည်။ ကျောင်းသားများလေ့လာသင်ယူရာတွင်ပိုမိုအောင်မြင်စေရေး
အတွက်မိမိတို့၏သင်ကြားရေးအလေ့အကျင့်များကိုပိုမိုကောင်းမွန်အောင်ပြုလုပ်ရမည်မှာဆရာ/မတိုင်း၏တာဝန်သာဖြစ်သည်။ သို့ဖြစ်ပါ၍စဉ်ဆက်မပြတ်ဆရာအတတ်ပညာ
ဖြင့်ကလေးများ၏အနာဂတ်ကိုတည်ဆောက်နိုင်ကြပါစေကြောင်း
ဆုမွန်ကောင်းတောင်းရင်း..........
ယနေ့G-6သင်တန်းနောက်ဆုံးရက်တွင်ကျောင်းအုပ်ကြီးများအား
ပို့ချခဲ့သောCPDအကြောင်းဆရာ/မများလေ့လာနိုင်စေရန်မျှဝေ
ပေးလိုက်ပါတယ်ရှင်။
လေးစားစွာဖြင့်
#May thu
Shareby ThyunThyun
သင်ဆရာ/မြင်ဆရာ/ကြားဆရာများကို
အမြဲထာ၀စဉ် ရိုသေးလေးစားလျှက်
စံထွန့်းမြင့်
မူရင်းတင်သော ဆရာများကို crd ပေးပါတယ်ဗျ
CPD *Module 2
Part 1
မြန်မာ/အင်္ဂလိပ်/သင်္ချာ/ပထဝီ /သမိုင်း /သိပံ္ပ လိုအပ်သူများလေ့လာဖို့တင်ပေးထားပါသည်။ မူရင်းတင်ပေးထားသူများကိုကျေးဇူးတင်ပါသည်", "link":" https://drive.google.com/file/d/1yIaDJZKjjEKG6uFO4Oo3-HWdLgEgCqLJ/view?usp=drivesdk ", "link2":"https://drive.google.com/file/d/1yIaDJZKjjEKG6uFO4Oo3-HWdLgEgCqLJ/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"},{"thumbnail":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS44aytA6oJZqjFaV8nQLCxFnX6t_oPLW-Abv6JsL6jvY6JW5fcdnRO2Uv_BsYntAhdx08aPbOkSw-HE-D2oViIdMgD2yZWBqjvskI42ijVY_DowJP3hsBrxdV_vNZBKRNZh8uZcYxMlTuIr-61fVzij45YIZYMM5c3as5J0VWy6dtOwdDmiBGgt-r/s960/FB_IMG_1670331958820.jpg","bname":"၁။ CPD ဆိုတာဘာလဲ","wname":" ၁။ CPD ဆိုတာဘာလဲ။
CPD ဆိုတာ Continuing Professional Development စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ပါ။
၂။ CPD နဲ့စပ်လျဉ်းတဲ့ အတွေ့အကြုံ ရှိပါသလား။
ရှိပါတယ်။ ကျောင်းတွေမှာ ဆောင်ရွက်နေတဲ့ ဘာသာရပ်အဖွဲ့ဆွေးနွေးပွဲတွေ workshop တွေနဲ့ သဘောတရား အတူတူပါပဲ။
၃။ CPD ရဲ့ အဓိကပစ်မှတ်ကဘာလဲ။
သင်ရိုးသစ်အရ သင်ကြားရေးဖြစ်စဉ်တွေ
မှာ မရှိမဖြစ် မပါမဖြစ် သတ်မှတ်ထားတဲ့ သင်ကြားနည်းအဆင့်ဆင့် ( I T P R )
ချိတ်ဆက်ရမယ့် 21st Century Skills, Soft Skills ( 5 C ) များကို အကောင်အထည်ဖော်နိုင်ရေးအတွက်ပါပဲ။
၄။ CPD အစီအစဉ် ကျင်းပဖို့ စီစဉ်ပြင်ဆင်ရမယ့်သူက ဘယ်သူပါလဲ။
ကျောင်းအုပ်များပါ။ ဒါကြောင့် ထက်အုပ် လယ်အုပ် မူအုပ်များ အားလုံး CPD အစီအစဉ်ကို လေ့လာသိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။
၅။ CPD အစီအစဉ်မှာ တက်ရောက်ရမယ့်သူတွေက ဘယ်သူတွေပါလဲ။
ကျောင်းရှိ လယ်ပြများအားလုံး ထက်ပြများအားလုံးပါ။ ဖြစ်နိုင်ရင် မူလတန်းပြများပါ ထည့်သွင်းနိုင်ပါတယ်။
၆။ CPD အစီအစဉ်မှာ ဦးဆောင်ဆွေးနွေးရမယ့်သူက ဘယ်သူပါလဲ။
ဘာသာရပ်ခေါင်းဆောင် ဘာသာရပ်မှူးများ ဖြစ်ပါတယ်။
၇။ CPD အစီအစဉ်ကိုဘယ်အချိန်ကျင်းပကြမလဲ။
တစ်လတစ်ကြိမ်ပါ။ ပထမအကြိမ်ကို ကျောင်းဖွင့်ပြီး ဇူလိုင်လဆန်းမှာ စတင်ကျင်းပကြရပါလိမ့်မယ်။ ကျင်းပချိန်က ကျောင်းချိန်တွင်းဖြစ်စေ ကျောင်းချိန်ပြင်ပဖြစ်စေ ကျောင်းပိတ်ရက်ဖြစ်စေ မိမိကျောင်းအလိုက် အဆင်ပြေသလို ကျင်းပနိုင်ပါတယ်။ မိနစ် ၉၀ လို့ သတ်မှတ်ထားပေမယ့် ပိုနိုင်ပါတယ် လျော့နိုင်ပါတယ်။
၈။ CPD ကို ဘယ်လိုခွဲခြားထားပါလဲ။
မော်ဂျူး (၈) ခု ခွဲခြားထားပါတယ်။ မော်ဂျူးတစ်ခုစီကို ခေါင်းစဉ်တစ်ခု ကွဲပြားစွာရှိပါတယ်။ မော်ဂျူးတိုင်းမှာ အစပျိုးခြင်း ချိတ်ဆက်သင်ကြားခြင်း စီစဉ်သင်ကြားခြင်း ပြန်လှန်သုံးသပ်စဉ်းစားဆင်ခြင်ခြင်း ဆိုပြီး အပိုင်းလေးပိုင်းကို အဆင့်ဆင့် ကျင်းပဆောင်ရွက်သွားရပါမယ်။ တစ်လမှာ မော်ဂျူးတစ်ခုကို အဓိကထား ခေါင်းစဉ်တင်ဆွေးနွေးသွားရမှာဖြစ်ပြီး မော်ဂျူး (၈) ခု အစဉ်လိုက်သွားရင် ရှစ်ကြိမ်ကျင်းပရပါလိမ့်မယ်။
(၉) CPD ကို ဘယ်လိုကျင်းပမှာလဲ။
ကျောင်းအလိုက် မတူညီနိုင်ပါဘူး။ ဆရာများတဲ့ကျောင်း ဆရာနည်းတဲ့ကျောင်း ကွဲပြားပါမယ်။
တစ်ဘာသာချင်းကျင်းပနိုင်သလို ဘာသာစုံစုပေါင်းကျင်းပနိုင်ပါတယ်။
အကျိုးရှိရှိ ကျင်းပဖြစ်ဖို့သာ အဓိကကျပါတယ်။
(၁၀) CPD က အရေးပါသလား။
သင်ကြားရေးအတွေ့အကြုံနည်းသော သင်ကြားမှုအရည်အချင်းအားနည်းသော ဆရာဆရာမများကို လက်တွဲခေါ်ယူဖို့ ထိရောက်သော သင်ကြားသင်ယူမှုတွေအတွက် CPD က အရေးပါအရာရောက်သွားမှာပါ။ CPD အစီအစဉ်ကျင်းပတိုင်းမှာ မှတ်တမ်းများထားရှိရမှာဖြစ်ပြီး လိုအပ်တဲ့ ပုံစံများကို ထပ်မံညွှန်ကြားသွားမယ် သိရပါတယ်။ CPD မှတ်တမ်းများက စစ်ဆေးရေးအဖွဲ့လာရောက်ချိန် ပြဖို့မဟုတ် For Show မဟုတ် မိမိကျောင်းအတွက် သင်ရိုးသစ်အတွက် မဖြစ်မနေ ဆရာဆရာမများ ပူးပေါင်းဆောင်ရွက်ခြင်း မှတ်တမ်းတစ်ခုသာ ဖြစ်သွားသင့်ပါတယ်။
credit; Aung Aung (Education)
crd>>>", "link":"https://drive.google.com/file/d/169M9SWAH7hOTbi6deKT8HLz_SYJQpurc/view?usp=drivesdk ", "link2":"https://drive.google.com/file/d/169M9SWAH7hOTbi6deKT8HLz_SYJQpurc/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"}]}
Comments
Post a Comment