GCpd

{"books":[{"bname":"CPD လုပ်​ဆောင်မှု့အဆင့်ဆင့် နမူနာ","thumbnail":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0Kh7QJ8F0qO_7NdsKrI-Cp5FgTENgt9_KUGUjLNFoukLR-cTXlGs-T0pREiSA-9gKRvwJ3HlrePxMlMS-dIAJ4a9isFJn3k_IzKr6-DxULio28jVuuw1hDpb4hgNDhZFNtx3CzehyphenhyphenfaQDvTQYpG_2Zvc_Kcfr2lcLIh_6ArxaasV_3nZuqxLwLq8xeLQ/s695/FB_IMG_1720243174841.jpg","wname":"ကျောင်းများတွင် CPD ပြုလုပ်မည်ဆိုပါက ဇူလိုင်လတွင်စတင်ရပါမယ်..... ဇူလိုင်လတွင် မော်ဂျူး(၁) ပြုလုပ်ရပါမယ်..... နောက်ဆုံး ဖေဖော်ဝါရီလတွင် မော်ဂျူး(၈) အထိ အစဉ်လိုက်ပြုလုပ်ကြရပါမယ်....\n\n\nCPD ချိန်မှာ ဘာသာရပ်အားလုံး စုပေါင်းလုပ်လို့ရပါတယ်..... ၎င်းအချိန်တွင် သက်ဆိုင်ရာဘာသာရပ်အဖွဲ့အလိုက် ပြုလုပ်လို့ရပါတယ်.... သင်ခန်းစာများသင်ကြားပြသရမည်မဟုတ်ဘဲ .... နောက်လတွင်သင်ကြားမည့် သင်ခန်းစာများအား ကြိုတင်ပြီး စီစဉ်ရသည့်သဘောပါ.... CPD လက်စွဲစာအုပ်မှ မော်ဂျူးများတွင်ပါဝင်သော Procedure အတိုင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ ဥပမာ...... မော်ဂျူး(၁) ကို ပြုလုပ်မည်ဆိုပါက သြဂုတ်လတွင် သင်ကြားမည့် သင်ခန်းစာများကို General topic မှ ကျောင်းသားဗဟိုပြုထဲမှ အဓိက အချက်များကို မော်ဂျူး(၁) တွင်ထုတ်နှုတ်ပြထားပါသည်။ ထိုအချက်များအပြင် နောက်ထပ် မိမိကိုယ်တိုင်တွေ့ရှိချက်များရှိပါက ထည့်သွင်းစီစဉ်နိုင်ပါသည်။ ဘာသာပြဆရာက စီစဉ်ထားချက်အတိုင်း သင်ကြားသင်ယူမလုပ်ပါက ဘာသာရပ်ခေါင်းဆောင်ကစောင့်ကြည့်လေ့လာပြီး CPD မှတ်တမ်းတွင် \"မှတ်ချက်နှင့်အကြံပြုချက်\"စာတိုင်တွင် မှတ်တမ်းတင်ပြီး TEO ရုံးသို့ တစ်လတစ်ကြိမ် ပို့ဆောင်ပေးရပါမည်။ CPD သည် Project တစ်ခုဖြစ်သည့်အတွက် Follow up များရောက်လာမှာဖြစ်ပါတယ်။ အောက်တိုဘာလတွင် CPD စစ်တမ်းများကောက်ယူမည်ဖြစ်သည်ဟု ဗဟိုအဆင့် တိုင်းအဆင့် သင်တန်းဆွေးနွေးပွဲတွင် မှာကြားလိုက်ပြီးဖြစ်ပါသည်။\nရေးသွင်းမှုပုံစံနမူနာပုံစံပါဖော်ပြပေးထားပါသည်။\ncredit (မူရင်း post)\n\nPhoto@Crd လိုအပ်သူများ​လေ့လာဖို့တင်​ပေးထားပါသည်။ မူရင်းတင်​ပေးထားသူများကို​ကျေးဇူးတင်ပါသည်", "link":"https://drive.google.com/file/d/15qiQk_rRLxZC2RbCQqudTNUEnxrJJVwY/view?usp=drivesdk","link2":"https://drive.google.com/file/d/15qiQk_rRLxZC2RbCQqudTNUEnxrJJVwY/view?usp=drivesdk","mb1":"120","mb2":"560","time":"145","category":"level"},{"bname":"CPDရေးရမည့်ပုံစံ\n\nCPD *Module 2    \nမြန်မာ/အင်္ဂလိပ်/သင်္ချာ/ပထဝီဝင္ /\nသမိုင်း /သိပ္ပံ","thumbnail":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaIErNP_OosivtKAzi4V3LWni5EaqDpPnhqeo143LVqaCbZd4Gu_pgz6_R-Ad-xydqyPnLRZczNFLdX1FsY-UI2gU2nIk6ICwV1DVHGUYP5Wn8v73DsrPgjfCdKAwAd4ySJJhDQOmL7s-mMu-dN02Iyhck8TdZJQj25qaDMLPfScttdIjXkOjXPubm9Ml-/s695/FB_IMG_1691939548350.jpg","wname":"#CPDရေးရမည့်ပုံစံ\nCPD *Module 2    \nမြန်မာ/အင်္ဂလိပ်/သင်္ချာ/ပထဝီဝင္ /\nသမိုင်း /သိပ္ပံ\n\nCredit; San Tun Myint လိုအပ်သူများ​လေ့လာဖို့တင်​ပေးထားပါသည်။ မူရင်းတင်​ပေးထားသူများကို​ကျေးဇူးတင်ပါသည်", "link":"https://drive.google.com/file/d/1HDKEpsYGf-A6IGaA7cOVSW3w8D_jE38A/view?usp=drivesdk ", "link2":"https://drive.google.com/file/d/1HDKEpsYGf-A6IGaA7cOVSW3w8D_jE38A/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"},{"thumbnail":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2um0Ss2ewvAu7Ufs16DSorv8CJFmlt3-fJ1RNUujdejySA7EMbgMhmo_c61v8eN7uxs3OY7SnnFbd48BubiyhG92c5kvQez810HTjQEthdLZJuuCIpvQ-NW1RzRDr1Gw9vKUghqcOVuQQoLZAM0aMu4qzniBkdDAkgmbXp3DWn2EGWmgsJy_8NVGQ/s720/FB_IMG_1670458680371.jpg","bname":"CPD ဆိုတာဘာလဲ","wname":" CPD ဆိုတာ Board of Studies မဟုတ်ပါ...CPD လက်စွဲစာအုပ်က မော်ဂျူးများကို ဆွေးနွေးရန်သာ\n\n----------------------------\n\n            ထက်မြက်တဲ့ ဆရာတွေဟာ သင်ကြားသင်ယူမှု ဆိုင်ရာ အကြောင်းအရာအသစ် မှန်သမျှကို စဉ်ဆက်မပြတ် လေ့လာတတ်ကြပါတယ်။ထူးချွန်ထက်\n\nမြက်တဲ့ ဆရာတစ်ယောက် ဖြစ်\n\nလာစေဖို့ အထောက်အကူပေးတဲ့ သင်ယူလေ့လာမှုတိုင်းကို စဉ်ဆက်မပြတ် ဆရာအတတ် ပ\n\nညာ ဖွံ့ဖြိုးတိုးတက်ရေး (Continuing Professional Development) အတိုကောက်အားဖြင့် CPD ဟုခေါ်ပါတယ်။ သင်ကြားရေးဆိုင်ရာ ဗဟုသုတတွေ နဲ့ ကျွမ်းကျင်မှုတွေ တိုးပွားလာအောင် လုပ်ဆောင်ခြင်းဟာ လုပ်ငန်းသဘာဝအရ ပြုလုပ်သင့်တဲ့ အရာတစ်ခုဖြစ်သလို ဆရာတစ်ယောက်အနေနဲ့ ပိုမိုတတ်သိကျွမ်း ကျင်လာစေပြီး အတွေ့ အကြုံနုသူများကိုပါ ကူညီပေးနိုင်လာမှာ ဖြစ်ပါတယ်\n\n။ သင်ကြားနည်း အသစ်တွေနဲ့ ဗဟုသုတတွေ ကိုလည်း စဉ်ဆက်မပြတ် လေ့လာနိုင်လာမှာ ဖြစ်ပါတယ်။\n\n                 ၂၀၁၉ခုနှစ်မှ စတင်ပြီး အလယ်တန်း နှင့် အထက်\n\nတန်း သင်ရိုးညွှန်းတမ်းသစ်များကို ပညာသင်နှစ်အလိုက် စတင်သင်ကြားပေးခဲ့ပါတယ်။ သင်\n\nရိုးညွှန်းတမ်းသစ်ကို စတင်သင်\n\nကြားတဲ့အခါ သိထားရမည့်အ\n\nချက်တွေနဲ့ ဘယ်လိုသင်ကြား သင့်တယ် ဆိုတာကို လေ့လာဖို့အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုး တက်ရေးအစီအစဉ်ဟာ အရေးကြီးလှပါတယ်။ ဒါကြောင့်  ကျောင်းတိုင်းဟာ CPD အစီအစဉ်ကို လစဉ် တစ်လတစ်ကြိမ် မိနစ် ၉၀ အချိန်ယူကာ မော်ဂျူးပါ အစီအစဉ်များအတိုင်း ဖတ်ရှူလေ့လာ၍ စီစဉ်ဆွေးနွေးမှုများ ပြုလုပ်ရမှာ ဖြစ်ပါတယ်။\n\n\n           ၂၀၂၀-၂၀၂၁ ခုနှစ်ကထုတ်ဝေဖြန့်ချိထားတဲ့ အခြေခံ\n\nပညာ အလယ်တန်းနှင့် အထက်\n\nတန်းကျောင်းများ အတွက် စဉ်ဆက်မပြတ် ဆရာအတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး လက်စွဲ စာ\n\nအုပ်ပါ CPD အစီအစဉ်သည် ၂၀၁၉ ခုနှစ်နှင့် မတူဘဲ အနည်း ငယ် ပြုပြင်ပြောင်းလဲထားသည်ကို တွေ့ရပါတယ်။ \n\n\n          CPD အစီအစဉ်ကို လုပ်\n\nဆောင်တဲ့အခါ ပြုလုပ်ရမယ့် အပိုင်း ၄ ပိုင်း ရှိပါတယ်။\n\n        \n\n         ၂၀၂၀-၂၀၂၁ ခုနှစ်ထုတ် လက်စွဲ စာအုပ်မှာ CPDအစီအစဉ် ပြုလုပ်ရမည့် အပိုင်း ၄ ပိုင်းကို ပြောင်းလဲထားသည်ကိုတွေ့ရပါသည် ။\n\n             \n\n                   အပိုင်း ၄ ပိုင်းမှာ -\n\n\nအပိုင်း(၁)\n\nအစပျိုးခြင်း\n\n\nအပိုင်း(၂)\n\nချိတ်ဆက်သင်ကြားခြင်း\n\n\nအပိုင်း(၃)\n\nစီစဉ်ပါ၊သင်ကြားပါ၊\n\nမိမိကိုယ်ကို ဆန်းစစ်ပါ\n\n\nအပိုင်း(၄)\n\nစူးစမ်းလေ့လာ အသုံးပြုပါ\n\n \n\nတို့ ဖြစ်တာကို တွေ့ရပါလိမ့်မယ် ။\n\n             \n\n                   ယခင်နှစ် ၂၀၁၉ ခုနှစ်ကအတိုင်း  မော်ဂျူး(၈) ခုပါဝင်သော်လည်း မော်ဂျူးခေါင်းစဉ်များ ပြောင်းလဲထား\n\nသည်ကို တွေ့ရမှာ ဖြစ်ပါတယ်  ။\n\n\n                      ယခင်က CPD မှတ်တမ်း ထားရှိရမယ့် ပုံစံကို အတိအကျ မသိရသလို အသေး\n\nစိတ်ဖော်ပြထားခြင်း မရှိသည့်အ\n\nတွက် တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း အမျိုးမျိုး ထားရှိကြတာကို တွေ့ရမှာပါ ။\n\n             \n\n              ဒီနှစ်မှာတော့ ထားရှိရမယ့်မှတ်တမ်း ပုံစံ အတိအကျပါ ဖော်ပြပေးထားပါတယ် ။\n\n\n(မော်ဂျူးများကို ဖတ်ပြီး အကျဉ်းချုပ် ရေးနေစရာ မလိုပါ)\n\n\n                      အထူးသတိပြုရန်မှာ ယခုနှစ်အတွက် အခြေခံ\n\nပညာ အလယ်တန်းနှင့် အထက် တန်းဆင့်ကျောင်းများအတွက်  စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာဖွံဖြိုးတိုးတက်ရေး(CPD) လက်စွဲ စာအုပ်(၂၀၂၀-၂၀၂၁)\n\nပါ မော်ဂျူးအသစ် စာအုပ်အ\n\nသစ် ကိုသာ အသုံးပြုပြီး Grade 6 မှသည် Grade 11 သင်ရိုးသစ်ထိ ပါဝင်သည့် သင်ခန်းစာများကိုသာ ချိတ်ဆက် ဆွေးနွေး ပြင်ဆင်ရမှာ ဖြစ်ပါတယ် ။\n\n\n                      စဉ်ဆက်မပြတ် ဆရာအတတ် ပညာ ဖွံ့ဖြိုးတိုး\n\nတက်ရေး လက်စွဲနှင့် မော်ဂျူးစာအုပ်သည် ၂၀၂၀−၂၁ ခုနှစ် အတွက် တစ်အုပ်ထဲသာဖြစ်ပြီး အလယ်တန်းနှင့် အထက်တန်းဆရာ၊ဆရာမများ အားလုံးအ\n\nတွက် ဖြစ်ပါတယ်။\n\n\n (၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင်လည်း တစ်အုပ်သာ ထုတ်ဝေခဲ့ပါတယ်။)\n\n\n                    CPD ကို ယခုနှစ် မော်ဂျူးများနှင့်သာ ပြုလုပ်ဆွေးနွေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် CPD ဆိုတာ Board of Studies မဟုတ်ပါ...CPD လက်စွဲစာအုပ်က မော်ဂျူးများကို ဇွန်လမှစ၍ တစ်လလျှင် မော်ဂျူးတစ်ခုစီ အချိန်မိနစ် ၉၀ ယူကာ သင်ရိုးသစ်များနှင့် ချိတ်ဆက်ဆွေးနွေးရန်သာ ဖြစ်ပါကြောင်း။\n\n\n          #Phyo Yar Zar Oo\n\n  \n\n            (June 30,2020)\n\n\nအကိုးအကား-\n\n* အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းဆင့်ကျောင်းများအတွက် စဉ်ဆက်မပြတ် ဆရာ့အတတ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး(CPD) လက်စွဲ စာအုပ်သစ် (၂၀၂၀-၂၀၂၁)", "link":"https://drive.google.com/file/d/1AP8ldtPnDYkfD4-yVCKNi3XHpW09TSrM/view?usp=drivesdk ", "link2":"https://drive.google.com/file/d/1AP8ldtPnDYkfD4-yVCKNi3XHpW09TSrM/view?usp=drivesdk ","mb1":"120","mb2":"560","time":"145","category":"level"}]}


















Comments

Popular posts from this blog

G7Cpd

G9Cpd

G6Cpd